back

မလေးရှားတွင် ဖုန်းအတွင်း ထီလက်မှတ်တွေ့ရှိ၍ ရဲတပ်ဖွဲ့က ငွေညှိနှိုင်းတောင်းခံသည့် ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့

Mar 16 • 4:08 PM

breaking-news

Malaysia

Local

cover

မလေးရှားတွင် ဖုန်းအတွင်း ထီလက်မှတ်တွေ့ရှိ၍ ရဲတပ်ဖွဲ့က ငွေညှိနှိုင်းတောင်းခံသည့် ဖြစ်စဉ်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ Mothership သတင်းဌာနကနေ တင်ပြထားတာကတော့ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဗားရူး (Johor Bahru) အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနှင်လာတဲ့ အမျိုး...

၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့၊ Mothership သတင်းဌာနကနေ တင်ပြထားတာကတော့ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဗားရူး (Johor Bahru) အဝေးပြေးလမ်းမပေါ်မှာ ကားမောင်းနှင်လာတဲ့ အမျိုးသားတစ်ဦးကို ယာဉ်ထိန်းရဲက တားဆီးစစ်ဆေးရာကနေ ၎င်းရဲ့ဖုန်းအတွင်းမှာ "4D" ထီလက်မှတ်ဝယ်ယူထားတဲ့ မှတ်တမ်းတွေ့ရှိလို့ဆိုပြီး ငွေညှိနှိုင်းတောင်းခံခဲ့တဲ့ ဖြစ်ရပ်တစ်ခု လူမှုကွန်ရက်မှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်‌။ အဆိုပါရဲအရာရှိက လူနှစ်ဦးအတွက် တစ်ယောက်ကို ရင်းဂစ် ၁,၀၀၀ စီနဲ့ စုစုပေါင်း ရင်းဂစ် ၂,၀၀၀ (စင်ကာပူဒေါ်လာ ၆၅၀ ခန့်) အခုချက်ချင်းပေးဖို့၊ မပေးရင် ရဲစခန်းကိုခေါ်သွားမှာဖြစ်ပြီး အဲ့ဒီကျရင် ဒီထက်မက ပိုပေးရလိမ့်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်‌။ နစ်နာသူ အမျိုးသားဟာ အခက်တွေ့နေတာကြောင့် ဇနီးဖြစ်သူဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့ရာမှာ ဇနီးဖြစ်သူက "ကျွန်မတို့မှာ အဲ့ဒီလောက် ငွေအများကြီးမရှိဘူး၊ တကယ်ဖမ်းချင်ရင်လည်း ဖမ်းလိုက်ပါ၊ အလွန်ဆုံး အချုပ်ထဲ ရက်နည်းနည်းပဲ နေရမှာပေါ့" လို့ ရဲအရာရှိကို ပြန်လည်ပြောဆိုခဲ့ပါတယ်‌။နောက်ဆုံးမှာတော့ ဇနီးဖြစ်သူက တစ်ယောက်ကို ရင်းဂစ် ၂၀၀ (စင်ကာပူဒေါ်လာ ၆၅ ခန့်) စီနဲ့သာ ပေးနိုင်မယ်လို့ ညှိနှိုင်းခဲ့ရာမှာ ရဲအရာရှိက သဘောတူခဲ့ပါတယ်‌။ ဒါကြောင့် အမျိုးသားဖြစ်သူက အနီးနားက ATM မှာ ငွေသွားထုတ်ပြီး ရဲအရာရှိကို လက်ရောက်ပေးအပ်ခဲ့ရပါတယ်‌။ ဒီဖြစ်စဉ်ကို မျှဝေရတာဟာ တခြားသူတွေလည်း သတိထားမိအောင်လို့ဖြစ်ပြီး ညှိနှိုင်းလို့ရသွားတာ ကံကောင်းတယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်‌။



news-view-count-icon

0