ယနေ့(မတ် ၁၆ ရက်)နံနက်အစောပိုင်း ၁၂ နာရီ ၅၀ မိနစ်တွင်နေပြည်တော်သို့ (အသွားလမ်းအတိုင်း) မောင်းနှင်လာသည့် Higer အမျိုးအစားခရီးသည်တင်ယာဉ်သည် အမြန်လမ်းမကြီးပေါ်မောင်းနှင်နေစဉ် မိုင်တိုင်အမှတ်(၇၆/၀) အရောက်၌ လမ်းလယ်ကျွန်းမှအရှေ့ဘက်သို့ရုတ်တရက်ဖြတ်ကူးလာသည့် အမျိုးသားတစ်ဦးကိုတိုက်မိခဲ့ခြင်းဖြစ်သည်။ယင်းသေဆုံးသူမှာ ရန်ကုန်-နေပြည်တော်သွားသည့် ယာဉ်လိုင်းတစ်ခုတွင်လိုက်ပါလာသူဖြစ်ပြီး ယာဉ်ရပ်နားစဉ်လမ်းဖြတ်ကူးခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
အမြန်လမ်းမကြီးများဥပဒေ ပုဒ်မ ၁၄ အရအမြန်လမ်းမကြီးပေါ်တွင် လမ်းလုပ်ငန်းဆောင်ရွက်သည့် လုပ်သားများ၊ တာဝန်ယူကြီးကြပ်သူများ၊ မောင်းနှင်ခွင့်ပြုထားသည့် မော်တော်ယာဉ်များ သွားလာခြင်း မှအပ မည်သူမျှခြေလျင်သွားခြင်း၊ စက်ဘီး(သို့မဟုတ်)မော်တော်ဆိုင်ကယ်စီးနင်းသွားလာခြင်း၊ ထော်လာဂျီကဲ့သို့အနှေးယာဉ်ဖြင့်သွားလာခြင်း၊ လှည်းနှင့်တိရစ္ဆာန်များအပါအဝင် အခြားတားမြစ်သည့် ယာဉ်များသွားလာခြင်းနှင့် အခြားတစ်နည်းနည်းဖြင့် အမြန်လမ်းမကြီးပေါ်တွင်ဖြတ်သန်းခြင်း၊ သွားလာခြင်း၊ နားနေခြင်းမပြုရဟု ပြဌာန်းထားသည်။



