back

ဒီဇယ်ကန့်သတ်ရောင်းချမှု ထိုင်းလယ်သမားတို့ အခက်တွေ့

Mar 16 • 1:10 PM

breaking-news

Thailand

Local News

cover

ဒီဇယ်ကန့်သတ်ရောင်းချမှု ထိုင်းလယ်သမားတို့ အခက်တွေ့

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဆုံရာဒေသဖြစ်သည့် နခွန်ဆဝမ်ခရိုင်၊ ချုံဆန်မြို့နယ်ရှိ လယ်သမားများအား စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချပေးနေပြီး ဆီဆိ...

ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဆုံရာဒေသဖြစ်သည့် နခွန်ဆဝမ်ခရိုင်၊ ချုံဆန်မြို့နယ်ရှိ လယ်သမားများအား စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချပေးနေပြီး ဆီဆိုင်များ၌ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း၍ ဝယ်ယူနေကြရကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ချုံဆန်မြို့နယ် ကျေးရွာအသီးသီးမှ လာရောက်ကြသည့် လယ်သမားများသည် စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများနှင့် လယ်ယာမြေအတွင်း ရေတင်ရန်အတွက် ဒီဇယ်ဆီဝယ်ယူရန် ပုံးများ၊ အိုးခွက်များဖြင့် ဆီဆိုင်များ၌ တန်းစီနေကြသော် လည်း ဆီဆိုင်ဘက်မှ တန်းစီသူအားလုံး ဆီရရှိနိုင်ရေး တဦးလျှင် ဘတ် ၅၀၀ ဖိုးသာ ကန့်သတ်ရောင်းချပေးကြောင်း သိရသည်။ လယ်သမားတဦးက ၎င်းနှင့် အခြားလယ်သမားများစွာတို့သည် ဆီဆိုင်မဖွင့်မီကတည်းက စောင့်ဆိုင်းနေရပြီး အချို့မှာ ဒီဇယ်ဆီရရှိရန် ၁ နာရီမှ ၂ နာရီထိ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း ပြောသည်။



news-view-count-icon

12