စင်ကာပူစားနပ်ရိက္ခာအေဂျင်စီ (SFA) သည် စီရူးလိုက် cereulide အဆိပ်အတောက် ပါဝင်ကြောင်း တွေ့ရှိပြီးနောက် ဖော်မြူလာ နို့ထုတ်ကုန်နှစ်မျိုးကို ဈေးကွက်ထဲမှ ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားထားသည်။ ဆွစ်ဇာလန်မှ Nestle NAN HA2 milk formula နို့စို့ကလေး အရွယ်အတွက်(for infants) ထုတ်လုပ်မှု အသုတ်အမှတ်စဉ် 52750017C1 သက်တမ်းကုန်ဆုံးရက် Oct 31, 2027,ဩစတေးလျမှ Nature One Dairy Premium Toddler Milk Formula – Stage 3 900g ထုတ်လုပ်မှု အသုတ်အမှတ်စဉ် 326251110 သက်တမ်းကုန်ဆုံးရက် Nov 10, 2027 နှင့် Nov 11, 2027, Cereulide သည် ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်စေနိုင်သော အဆိပ်တစ်မျိုးဖြစ်သည်။ ရောဂါလက္ခဏာများသည် Cereulide ပါ သော အစားအစာကို စားသုံးပြီး မိနစ် ၃၀ မှ ခြောက်နာရီအတွင်း ပေါ်လာလေ့ရှိပြီး ၂၄ နာရီအတွင်း ပျောက်ကင်းသွားလေ့ရှိသည်။



