အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်း ‘စစ်ပွဲရုပ်သံဖိုင်များ’ မျှဝေခဲ့မှုဖြင့် ဖမ်းဆီးထားသူ ၂၅ ဦး၏ ရာဇဝတ်မှတ်တမ်းဓာတ်ပုံ (Mugshots) များကို မတ်လ ၁၆ ရက် ယနေ့ ထုတ်ပြန်လိုက်သည်။ အီရန်ကို အမေရိကန်နှင့် အစ္စရေးတို့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်တိုက်ခိုက်အပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဆက်လက်အရှိန်မြင့်နေစဉ်အတွင်း အဆိုပါ နိုင်ငံသားမျိုးစုံပါဝင်သည့် ဖမ်းဆီးခံအုပ်စုသည် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် ‘အများပြည်သူကို လမ်းမှားရောက်စေမည့် အကြောင်းအရာများ လွှင့်တင်မှု’ ဖြင့် အမြန်ဆုံး စစ်ဆေးစီရင်မည့် တရားရင်ဆိုင်မှုနှင့် ရင်ဆိုင်နေရသည်။



