back

မန္တလေးမှာ မော်တော်ယာဉ် စုံ၊မစနစ် ကန့်သတ်ချက်ကြောင့် ဈေးသည်တွေ အရောင်းအဝယ်ပါး

Mar 16 • 12:49 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမှာ မော်တော်ယာဉ် စုံ၊မစနစ် ကန့်သတ်ချက်ကြောင့် ဈေးသည်တွေ အရောင်းအဝယ်ပါး

မန္တလေးမြို့မှာ မော်တော်ယာဉ် စုံ၊မစနစ်ကန့်သတ်ချက်ကြောင့် သွားလာသူနည်းပါးပြီး ဈေးသည်တွေ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း ဈေးသည်တွေက ပြောပါတယ်။မတ်လ ၇ရက်ကစပြီး သတ်မှ...

မန္တလေးမြို့မှာ မော်တော်ယာဉ် စုံ၊မစနစ်ကန့်သတ်ချက်ကြောင့် သွားလာသူနည်းပါးပြီး ဈေးသည်တွေ အရောင်းအဝယ် ကျဆင်းလာခဲ့ကြောင်း ဈေးသည်တွေက ပြောပါတယ်။မတ်လ ၇ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ယာဥ်တွေ ရက်အလိုက် စုံ၊ မစနစ်နဲ့ တစ်ရက်ခြား မောင်းနှင်ကြဖို့ ကန့်သတ်လိုက်ပြီးတဲ့နောက်မှာ မန္တလေးစျေးချိုအပါအဝင် မြို့ပေါ်က အရောင်းဆိုင်တွေ အရောင်းအဝယ် ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေအပါအဝင် အခြားကုန်ပစ္စည်းအရောင်းဆိုင်တွေ၊ ကစားကွင်း၊ ရုပ်ရှင်ရုံ စတဲ့ အပန်းဖြေနေရာတွေမှာလည်း လာရောက်သူ လျော့ကျကာ ရောင်းအားသိသိသာသာလျော့ကျသွားတယ်လို့ ဆိုင်ရှင်အချို့နဲ့ဝန်ထမ်းအချို့က ပြောပါတယ်။ 




news-view-count-icon

14