မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ဘီးလင်းမြို့နယ်၊ ဘိုးလှကြီး ရပ်ကွက်၊ သကြားစက်လမ်းဆုံ၌ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံဘက်မှ ဘီးလင်းဘက်သို့ အဆိုပါရပ်ကွက်နေ ဦးအောင်ဖြိုးခိုင်(၃၇)နှစ် မောင်းနှင်လာသော 6J/xxxx MITSUBISHI CANTER ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့ဆောင်ရွက်ခဲ့ရာ အဆိုပါ ယာဉ်ပေါ်တွင် ဒီဇယ်ပီပါ ၁၅ လုံး ၇၅၀ ဂါလံခန့်အား တရားမဝင်သယ်ဆောင်လာသည်ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ဖြိုးခိုင်အား ဘီးလင်းမြို့မရဲစခန်း (ပ)၇၉/၂၀၂၆၊ ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေပုဒ်မ ၃၇/ ၃၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



