ဖားကန့်မြို့၊ မှော်စီစာကျေးရွာတွင် ယမန်နေ့ ည ၉ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။စံတော်ဝင်ကုမ္ပဏီ လုပ်ကွက်ဆိုဒ်ရှေ့ တွင် ထောင်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ခန္ဓာကိုယ်မှာ တစ်စစီဖြစ်သွားသောကြောင့် မည်သူမည်ဝါဖြစ်သည်ကို မသိရကြောင်း မှော်စီစာကျေးရွာနေ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။သေဆုံးသူမှာ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသော်လည်း မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် လာရောက်ကောက်ယူသွားပြီဖြစ်ပြီး လူနေရပ်ကွက်အတွင်းရှိ လမ်းမများပေါ်တွင် မိုင်ထောင်ခြင်းကို ရှောင်ကျဉ်ပေးစေလိုကြောင်း နမ္မဖြစ်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကပြောသည်။



