ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် အီရန်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု ဓာတ်ပုံနှင့် ဗီဒီယိုများကို အွန်လိုင်းပေါ်၌ မျှဝေခြင်း၊ သိမ်းဆည်းခြင်းနှင့် မှတ်ချက်ပေးခြင်းတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများနှင့် Influencer များအပါအဝင် လူ ၂၁ ဦးကို ဆိုက်ဘာပြစ်မှုဥပဒေဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ ဖမ်းဆီးခံရသူများထဲတွင် အသက် ၆၀ အရွယ် ဗြိတိန်နိုင်ငံသားတစ်ဦးလည်း ပါဝင်နေပြီး၊ ၎င်းတို့အနေဖြင့် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒေါ်လာ ၅,၅၀၀ မှ ၅၅,၀၀၀ ကြား ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်သည့်အပြင် ပြည်နှင်ဒဏ်လည်း ခံရနိုင်ကြောင်း သိရသည်။ ယူအေအီးအာဏာပိုင်များက ယင်းသို့ တင်းကျပ်ခြင်းမှာ လူထုဘေးကင်းရေးအတွက်ဖြစ်ကြောင်း ပြောဆိုသော်လည်း၊ တက်ကြွလှုပ်ရှားသူများကမူ သာမန်မှတ်ချက်ပေးရုံမျှဖြင့် ဖမ်းဆီးခြင်းမှာ လွန်ကဲသည်ဟု ဝေဖန်နေကြပြီး၊ အလားတူကာလအတွင်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ယူအေအီးတွင် လူ ၆ ဦး သေဆုံးကာ ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Mar 16 • 5:53 AM
UAE
Local News
Share
| 7 | 0 | 0 | 0 |


