ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (၁၆ ကြိမ်မြောက် EPS-TOPIK) ကုန်ထုတ်လုပ်ငန်း ပထမအသုတ် အောင်မြင်ထားသော်လည်း အလုပ်ရှင်ရွေးချယ်ခြင်း မခံရသေးသူများအတွက် အလုပ်လျှောက်လွှာ သက်တမ်းတိုးခြင်းကို မတ်လ ၁၈ ရက်မှ ၂၅ ရက်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။ သက်တမ်းတိုးလိုသူများသည် ရန်ကုန်မြို့၊ ပင်လုံခန်းမရှိ အေဂျင်စီရုံးသို့ ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ် (Passport)၊ စာမေးပွဲဖြေဆိုခွင့်ဖြတ်ပိုင်းများနှင့်အတူ သွားရောက်တင်ပြရမည်ဖြစ်ပြီး၊ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ဖူးသူဖြစ်ပါက ယခင်အလုပ်အကိုင်အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်သည်။ အဆိုပါသက်တမ်းတိုးမှုသည် အလုပ်အကိုင်ရရှိရန် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းပေးခြင်းသာဖြစ်ပြီး အလုပ်ရရှိမည်ဟု အာမခံချက်ပေးထားခြင်းမရှိကြောင်းလည်း အသိပေးထားသည်။
Mar 16 • 5:55 AM
Myanmar
Local
Share
| 13 | 0 | 0 | 0 |


