ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ရဲစခန်းလမ်းဆုံအား နွေဦးတော်လှန်ရေးအစ ၂၀၂၁ ခုနှစ် မတ်လမှစတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ဆို့ထားခဲ့ရာမှ ၅ နှစ်နီးပါးအကြာဖြစ်သော ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်တွင် အတားအဆီးများကို ဖယ်ရှား၍ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါလမ်းဆုံသည် မြို့အတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့်အပြင် တော်လှန်ရေးကာလအစပိုင်းတွင် အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခဲ့သည့် သမိုင်းဝင်နေရာတစ်ခုဖြစ်သဖြင့် ဒေသခံများအတွက် မမေ့နိုင်သော နေရာတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
| 11 | 0 | 0 | 0 |


