ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) သည် ရွှေဆိုင်များတွင် လက်ဝတ်ရတနာ ပြုလုပ်ရာ၌ ကောက်ခံမည့် အလျော့တွက်လက်ခ နှုန်းထားများကို မတ်လ ၁၁ ရက်နေ့တွင် အသစ်သတ်မှတ် ထုတ်ပြန်လိုက်ပြီး၊ အဆိုပါ ထုတ်ပြန်ချက်အရ ရွှေဆွဲသီး၊ ရွှေနားကပ်၊ ရွှေလက်စွပ်နှင့် ရွှေဆွဲကြိုး အစရှိသည့် လက်ဝတ်ရတနာ အမျိုးအစားနှင့် အလေးချိန်အပေါ် မူတည်၍ နှုန်းထားများ ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။ သတ်မှတ်ချက်သစ်တွင် ရွှေဆွဲသီး ၂ ပဲတင်နှင့်အောက်အတွက် အလျော့တွက်လက်ခ ၁ ပဲ ၁ ရွေး၊ ရွှေဆွဲကြိုး ၁ ကျပ်သားတင်နှင့်အောက်အတွက် ၅ ပဲ ၆ ရွေး စသည်ဖြင့် သတ်မှတ်ထားရာ၊ ရွှေထည်ပစ္စည်းအချို့တွင် ပစ္စည်းတန်ဖိုး၏ ထက်ဝက်နီးပါးအထိသော်လည်းကောင်း၊ ၁ ကျပ်သားလျှင် ၁ မတ်ခွဲသားနီးပါးအထိသော်လည်းကောင်း အလျော့တွက်လက်ခ ပေးဆောင်ရနိုင်သည့် အခြေအနေဖြစ်ကြောင်း သိရသည်။
| 21 | 0 | 0 | 0 |


