မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်အစည်းအဝေး၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပဉ္စမအကြိမ်မြောက် "လန်ချန်း-မဲခေါင် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေ" အစီအစဉ်ကို မတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွင် နေ့စဉ်ဖော်ပြမည့် မေးခွန်း (၃) ခုလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်သူများထဲမှ (၃) ဦးကို ကျပန်းရွေးချယ်၍ Six-sided Chinese Lacquered Panel Art နှင့် Panda Crossbody Backpack များကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဖြစ်ကာ၊ ရွေးချယ်ခံရသူများစာရင်းကို မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်သည်။
တရုတ်သံရုံးမှ (၁၀) နှစ်ပြည့် အထိမ်းအမှတ် "လန်ချန်း-မဲခေါင် ဗဟုသုတ ဉာဏ်စမ်းအမေးအဖြေ" အစီအစဉ် ကျင်းပမည်
Mar 16 • 5:50 AM
China
Local News
Share
| 7 | 0 | 0 | 0 |


