back

လူးဝစ်ဒီယက်ဇ်ကို ထုတ်ပယ်ခဲ့မှု မှားယွင်းခဲ့တယ်လို့ ကွင်းလယ်ဒိုင်လူကြီး ဝန်ခံ

Mar 16 • 5:30 AM

breaking-news

Myanmar

International

cover

လူးဝစ်ဒီယက်ဇ်ကို ထုတ်ပယ်ခဲ့မှု မှားယွင်းခဲ့တယ်လို့ ကွင်းလယ်ဒိုင်လူကြီး ဝန်ခံ

လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ်တို့ တစ်ဂိုးစီသရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်လူကြီး ခရစ္စတီယန်ဒင်ဂတ်က ပွဲချိန် ၈၄ မိနစ်၌ ဘိုင်ယန်တိုက်စစ်ကစားသမား လူးဝစ...

လေဗာကူဆင်နှင့် ဘိုင်ယန်မြူးနစ်တို့ တစ်ဂိုးစီသရေကျခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်လူကြီး ခရစ္စတီယန်ဒင်ဂတ်က ပွဲချိန် ၈၄ မိနစ်၌ ဘိုင်ယန်တိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်အား ဟန်ဆောင်လဲကျသည်ဟုဆိုကာ ဒုတိယဝါကတ်ဖြင့် ထုတ်ပယ်ခဲ့သည့် ဆုံးဖြတ်ချက်မှာ မှားယွင်းခဲ့ကြောင်း ပွင့်လင်းစွာ ဝန်ခံပြောကြားခဲ့သည်။ အဆိုပါပွဲတွင် လေဗာကူဆင်က ပွဲစစချင်း ၆ မိနစ်၌ ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၆၉ မိနစ်တွင် ဒီယက်ဇ်က ပြန်လည်ချေပခဲ့ပြီး၊ ဘိုင်ယန်အသင်းမှာ ပွဲချိန် ၄၂ မိနစ်ကတည်းက နီကိုးလက်စ်ဂျက်ဆင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံထားရခြင်း၊ ဟာရီကိန်း၏ သွင်းဂိုးမှာလည်း ပယ်ဖျက်ခံရခြင်းတို့ကြောင့် နည်းပြကွန်ပနီက ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

13