မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေသုံးစွဲမှု ထိန်းချုပ်ရန်အတွက် ပြည်ပကုန်စည်တင်သွင်းမှုများကို အစိုးရက တင်းကျပ်ထားခြင်းကြောင့် ဈေးကွက်အတွင်း သွင်းကုန်များ သိသိသာသာရှားပါးလာပြီး ပြည်တွင်းဖြစ် ထုတ်ကုန်များကိုသာ အစားထိုးရောင်းချလာရကြောင်း သိရသည်။ လက်ရှိတွင် နာမည်ကြီးစူပါမားကတ်များနှင့် ဆေးဆိုင်များ၌ နိုင်ငံခြားဖြစ် လူသုံးကုန်ပစ္စည်းများနှင့် နာတာရှည်ရောဂါကုသဆေးများ ပြတ်လပ်နေကာ ဈေးနှုန်းများမှာလည်း ပုံမှန်ထက် သုံးဆခန့် မြင့်တက်လျက်ရှိသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သွင်းကုန်လိုင်စင် ကန့်သတ်ချက်များ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားခြင်းနှင့် တရားမဝင်ကုန်စည် တိုက်ဖျက်ရေး တင်းကျပ်မှုများကြောင့် သွင်းကုန်လုပ်ငန်းရှင်အချို့ လုပ်ငန်းရပ်နားထားရပြီး၊ စားသုံးသူများအနေဖြင့် အရည်အသွေးနှင့် လုံလောက်မှုပိုင်း အားနည်းနေသေးသည့် ပြည်တွင်းဖြစ်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
Mar 16 • 5:32 AM
Myanmar
Local
Share
| 24 | 0 | 0 | 0 |


