back

ညောင်ဦးမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရေးလေ့ကျင့်

Mar 16 • 5:26 AM

breaking-news

Myanmar

Mandalay

cover

ညောင်ဦးမြို့မရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ရေးလေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အမှတ်(၄)ရပ်ကွက်ရှိ ညောင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများသည် မတ်လ ၁၅...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အမှတ်(၄)ရပ်ကွက်ရှိ ညောင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများသည် မတ်လ ၁၅ ရက် နံနက်ပိုင်းက ဆီမီးလောင်မှု ငြှိမ်းသတ်ခြင်းအပါအဝင် မီးဘေးအန္တရာယ်ကို လက်တွေ့တုံ့ပြန်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များက ရဲစခန်းနှင့် ဝန်ထမ်းအိမ်ရာများကို မီးဘေးစစ်ဆေးကာ အကြံပြုချက်များပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်အကူအညီတောင်းခံနိုင်သည့် "191 Report Application" ကို ဖုန်းများတွင် ထည့်သွင်းအသုံးပြုနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

news-view-count-icon

11