ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ နောက်ပါသံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများအား မတ်လ ၁၂ ရက် ညနေပိုင်းက ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပင့်ဆောင် ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကိုယ်တိုင်လိုက်ပါ ကြည်ညိုပို့ဆောင်ခဲ့ကြကာ ဆရာတော်ကြီးများ လမ်းခရီးတွင် စိတ်အေးချမ်းသာစွာ သီတင်းသုံးနိုင်ရေး၊ ဆွမ်းနှင့် ဝေယျာဝစ္စများ အဆင်ပြေစေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများအား အထူးမှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား မြတ်မော်တင်စေတီတော်မြတ်ကြီးသို့ ဘုရားဖူးပင့်ဆောင်
Mar 16 • 5:25 AM
Myanmar
Ayeyarwady
Share
| 23 | 0 | 0 | 0 |


