back

မြဝတီမြို့တွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၆၉ ဦး ထပ်မံဖမ်းဆီးရမိ

Mar 16 • 5:23 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့တွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် တရုတ်နှင့် ရုရှားနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၆၉ ဦး ထပ်မံဖမ်းဆီးရမိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးရှိ တောအုပ်အတွင်း တရားမဝင် ပုန်းအောင်းနေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား (၆၅) ဦးအပါအဝင် ပြည်ပနိုင်ငံသားစုစုပေါင်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးရှိ တောအုပ်အတွင်း တရားမဝင် ပုန်းအောင်းနေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား (၆၅) ဦးအပါအဝင် ပြည်ပနိုင်ငံသားစုစုပေါင်း (၆၉) ဦးကို မတ်လ ၁၅ ရက် တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိသူများတွင် တရုတ်နိုင်ငံသားများအပြင် ရုရှား (၁) ဦး၊ ဗီယက်နမ် (၁) ဦး၊ မလေးရှား (၁) ဦးနှင့် လာအို (၁) ဦးတို့ ပါဝင်ပြီး ၎င်းတို့အား မြဝတီမြို့၌ ထိန်းသိမ်းကာ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းနှင့် သက်ဆိုင်ရာနိုင်ငံများသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

12