ကယား(ကရင်နီ)ပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ ပညာရည်ချွန်ဆုပေးပွဲ နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား ကို ယမန်နေ့ မတ်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။အခမ်းအနားအတွင်းမှာ အဖွင့်အမှာစကားပြောကြားတာ ၊ ကျောင်းသား/သူတွေကို အားပေးစကားပြောကြားတာ ၊ ကျောင်းသား/သူတွေကနေ တိုင်းရင်းသား ရိုးရာအကတင်ဆက် ဖျော်ဖြေတာတွေ၊ ဆုရရှိသူတွေကို ဆုချီးမြှင့်တာတွေကို ပြုလုပ်သွားခဲ့ပါတယ်။လာမည့်နှစ်တွေမှာ ဆက်လက် သင်ကြားသွားနိုင်ဖို့ အဆိုပါကျောင်းမှာ အထက်တန်းပြ ကျောင်းဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ ပညာသင်ကြားပေးနေတဲ့ ကျောင်းဆရာမတဦးက အခုလိုပြောပါတယ်။ “အခုက ဆရာဆရာမလိုအပ်တဲ့ခြေနေ၊ ဝန်းထမ်းမလုံလောက်တဲ့ခြေနေမှာ ရှိနေတယ်လို့ပြောရမယ်ပေါ့။ အခုက ၁၈ယောက်နဲ့ပဲ အဆင်ပြေအောင်သွားတယ်ပေါ့နော်။ အထက်တန်းအတွက်ဆိုလည်း သီးသန့်အဲ့လိုမျိုးထိလည်း အဆင်မပြေနိုင်သေးဘူး။ ဝန်ထမ်းမလုံလောက်တော့ ရောသင်ပေးတာပေါ့နော်။အဓိကက အထက်တန်းပြ ဆရာ/မတွေလိုအပ်နေသေးတယ်။”လို့ ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။ 
ကယားပြည်နယ်၊ဒီမော့ဆိုမြို့နယ် အရှေ့ခြမ်းတစ်နေရာမှာ ပညာရည်ချွန်ဆုပေးပွဲ နဲ့ ကျောင်းဆင်းပွဲ အခမ်းအနား ပြုလုပ်
Mar 16 • 4:47 AM
Myanmar
Kayah
Share
| 17 | 0 | 0 | 0 |


