back

သုံးခွမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျအမိုးလန်

Mar 16 • 2:19 AM

breaking-news

Myanmar

Yangon

cover

သုံးခွမြို့နယ်၌ မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်၍ နေအိမ်များ ပြိုကျအမိုးလန်

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာတွင် မတ်လ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ်အချိ...

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာတွင် မတ်လ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ်အချို့ ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် သစ်ပင်လဲကျခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ သုံးခွမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်၍ လဲကျနေသည့် သစ်ပင်များနှင့် ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

41