back

စင်ကာပူ MRT ပေါ်တွင် ထိုင်ခုံလွတ်သော်လည်း မထိုင်ဘဲ ရပ်နေသူများကြောင့် အွန်လိုင်းတွင် ဝေဖန်မှုများ ဖြစ်ပွား

Mar 16 • 2:13 AM

breaking-news

Singapore

Local News

cover

စင်ကာပူ MRT ပေါ်တွင် ထိုင်ခုံလွတ်သော်လည်း မထိုင်ဘဲ ရပ်နေသူများကြောင့် အွန်လိုင်းတွင် ဝေဖန်မှုများ ဖြစ်ပွား

စင်ကာပူနိုင်ငံ၏ MRT ရထားများပေါ်တွင် ထိုင်ခုံလွတ်များ ရှိနေပါလျက်နှင့် မထိုင်ဘဲ ရပ်နေသူများအပေါ် မေးခွန်းထုတ်သည့် ပို့စ်တစ်ခုကြောင့် အွန်လိုင်းအသုံးပြုသူများအကြ...

စင်ကာပူနိုင်ငံ၏ MRT ရထားများပေါ်တွင် ထိုင်ခုံလွတ်များ ရှိနေပါလျက်နှင့် မထိုင်ဘဲ ရပ်နေသူများအပေါ် မေးခွန်းထုတ်သည့် ပို့စ်တစ်ခုကြောင့် အွန်လိုင်းအသုံးပြုသူများအကြား အချေအတင် ဆွေးနွေးမှုများ ဖြစ်ပွားခဲ့ပါသည်။စင်ကာပူ MRT ပေါ်တွင် ထိုင်ခုံကိစ္စသည် အလွန်ဝေဖန်ရလွယ်သည့် ကိစ္စဖြစ်နေကြောင်း၊ ထိုင်မိပါကလည်း တစ်စုံတစ်ယောက်က ဓာတ်ပုံရိုက်ပြီး “ခုံမပေးဘူး” ဟု အွန်လိုင်းတင်မည်ကို စိုးရိမ်သောကြောင့် မထိုင်ဘဲ ရပ်နေခြင်းဖြစ်ကြောင်း အချို့က တုံ့ပြန်ခဲ့ကြသည်။အချို့ netizens များကမူ အဆိုပါ OP (ပိုစ်တင်သူ) သည် လူအများစိတ်ဆိုးအောင် လုပ်ပြီး views ရအောင် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ တင်ထားသည့် ဓာတ်ပုံသည်ပင် စင်ကာပူရထား မဟုတ်ကြောင်း ထောက်ပြခဲ့ကြသည်။

news-view-count-icon

9