အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ပွဲစဉ်-၂၆ အပြီးမှာ သုံးမှတ်ဖြတ် ဦးဆောင်လိုက်ပါတယ်။ယခုပွဲစဉ်မတိုင်ခင် အယ်လ်နာဆာအသင်းဟာ ဒုတိယနေရာက အသင်းကို နှစ်မှတ်သာ ဖြတ်ထားခဲ့တာပါ။ပွဲစဉ်-၂၆ မကစားခင် ဒုတိယနေရာက အယ်လ်အာလီအသင်း ရှုံးပွဲတွေ့ခဲ့လို့ အယ်လ်ဟီလာအသင်းက ဒုတိယနေရာ ရောက်လာခဲ့တာဖြစ်တယ်။စီရော်နယ်လ်ဒို ဒဏ်ရာကြောင့် မကစားနိုင်တဲ့အယ်လ်နာဆာအသင်းဟာ အခုပွဲစဉ်မှာ အယ်လ်ခါလီအသင်းကို ၅-၀ ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့တာပါ။အယ်လ်နာဆာအတွက် ဂိုးတွေကို ဂျော်အိုဖေးလစ်က နှစ်ဂိုး၊ အယ်လ်ဟမ်ဒန်၊ ယာယာနဲ့ အန်ဂျယ်လိုတို့က တစ်ဂိုးစီ သွင်းခဲ့ပါတယ်။ဂျော်အိုဖေးလစ်ဟာ အခုရာသီ ဆော်ဒီလိဂ်မှာ ၁၅ ဂိုး ရှိလာပြီး ၁၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။သူ့ရဲ့ဂိုးပါဝင်ပတ်သက်မှု ၂၆ ဂိုးက စီရော်နယ်လ်ဒို(၂၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)ထက်တောင် ပိုများနေပါတယ်။



