back

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက် ငယ်ဆုံးဂိုးသွင်းသူအဖြစ် ဒေါင်းမန်း မှတ်တမ်းသစ်ရေးထိုး

Mar 16 • 1:54 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက် ငယ်ဆုံးဂိုးသွင်းသူအဖြစ် ဒေါင်းမန်း မှတ်တမ်းသစ်ရေးထိုး

အာဆင်နယ်တောင်ပံကစားသမား ဒေါင်းမန်းဟာ အဲဗာတန်နဲ့ပွဲမှာ ဒုတိယအနိုင်ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိ...

အာဆင်နယ်တောင်ပံကစားသမား ဒေါင်းမန်းဟာ အဲဗာတန်နဲ့ပွဲမှာ ဒုတိယအနိုင်ဂိုးသွင်းပြီးနောက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အသက်ငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ပါတယ်။ဒေါင်းမန်းဟာ ၇၄ မိနစ်မှာ လူစားဝင်လာပြီး အသင်းရဲ့ပထမဂိုး Build-up မှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။သူ့ရဲ့သွင်းဂိုးကတော့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် ထောင့်ကန်ဘောကနေ ချေပဂိုးရဖို့ အာဆင်နယ်ဂိုးရှေ့အထိ ရောက်လာချိန် ဒေါင်းမန်းက တန်ပြန်တိုက်စစ်ကနေ အဲဗာတန်ကစားသမားနှစ်ဦးကို ကျော်ဖြတ်ကာ ဂိုးသွင်းယူခဲ့တာဖြစ်တယ်။ဒေါင်းမန်းဟာ ၁၆ နှစ် ၇၃ ရက်သာရှိသေးလို့ အဲဗာတန်ကစားသမား ဂျိမ်းစ်ဗော်ဂန် ၂၀၀၅ ခုနှစ်ကတင်ရှိထားတဲ့ ၁၆ နှစ် ၂၇၀ ရက်ထက် ၁၉၇ ရက်စောကာ ကျော်ဖြတ်ခဲ့ပါတယ်။၎င်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ အသက်ငယ်ဆုံး၊ အာဆင်နယ်အတွက် ပွဲထွက်ခွင့်နဲ့ FA Cup မှာ အသက်ငယ်ဆုံး မှတ်တမ်းဝင်ထားပါတယ်။

news-view-count-icon

15