ချယ်လ်ဆီးအသင်းနည်းပြ ရိုဆီနီယာက နယူးကာဆယ်နဲ့ပွဲမှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီး ပေါလ်တီယာနေးအနေနဲ့ ကိုယ့်အလုပ်ကိုယ်သာ
အာရုံစိုက်သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ရိုဆီနီယာ(၄၁ နှစ်)က အသင်းကစားသမား ကိုးလ်ပါလ်မာကို နယူးကာဆယ်တိုက်စစ်မှူး ဗူတေမာဒယ် ဒုတိယပိုင်းမှာ ပြစ်ဒဏ်ကျူးလွန်မှုကို ပယ်နယ်တီမပေးခဲ့လို့ ပေါက်ကွဲခဲ့တာဖြစ်တယ်။၎င်းက ကွင်းလယ်ဒိုင်လူကြီးက ချယ်လ်ဆီးကစားသမားအစုအဝေးကြားထဲ ရောက်နေတာကိုလည်း ထောက်ပြခဲ့ပါတယ်။ဒါ့အပြင် ယခုကိစ္စအတွက် ဒိုင်လူကြီးအဖွဲ့အစည်း PGMOL နဲ့ စကားပြောသွားမယ်လို့လည်း ဆိုပါတယ်။နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်းကတော့ အခုကိစ္စအတွက် မှတ်ချက်မပေးလိုဘူးလို့သာ တုံ့ပြန်ခဲ့ပါတယ်။


