ဧရာဝတီတိုင်းမှာ နွေစပါးအဖြစ် အစိုက်များကြတဲ့ စပါးမျိုးတွေ စပါးပေါ်ချိန်မှာ ရက်ပိုင်းအတွင်း ၁၄ သိန်းကနေ ၁၂ သိန်းဝန်းကျင်ထိ ကျဆင်းသွားတာကြောင့် နွေစပါးစိုက်သူတွေ အခက်တွေ့နေကြပါတယ်။အခုလိုမျိုး ရုတ်တရက်ကြီးဈေးကျလာတာဟာ နွေစပါးထွက်ချိန်ဖြစ်တာကြောင့် ရောင်းလိုအားတွေများလာပြီး ဝယ်လိုအားနည်းနေသေးတာကြောင့် ဖြစ်နိုင်တယ်လို့ ကုန်သည်တချို့ကတော့ ခန့်မှန်းထားကြပါတယ်။ ဘိုကလေးမြို့နယ်က နွေစပါးစိုက်ပျိုးတဲ့ ရေနက်ကွင်းကျေးရွာတွေမှာတော့ လက်ရှိစပါးပေါက်ဈေးဟာ ရိတ်သိမ်းခြွေလှေ့ခတွေ ဈေးတက်လာနေတာကိုတောင် ကာမိနိုင်ဖို့ မသေချာဘူးလို့ ဒေသခံတွေက ပြောပါတယ်။



