နိုင်ငံတကာက ဆေးကုသမှုခံယူချင်သူတွေကြားမှာ ထိုင်းနိုင်ငံ ဟာ ကမ္ဘာ့ထိပ်တန်း ဆေးကုသရေးခရီးစဉ် ၃ ခုစာရင်းဝင်ဖြစ်လာပြီး အံ့မခန်းအောင်မြင်မှုတွေ ရရှိနေပါတယ်။ Yango Ads ရဲ့ ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ် အစီရင်ခံစာအရ ဆေးကုသမှုနဲ့ပတ်သက်တဲ့ ရှာဖွေမှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်းအထိ ထိုးတက်လာခဲ့တယ်။ အထူးသဖြင့် အဆင့်မြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် ရုရှားစကားပြော ခရီးသွားတွေရဲ့ မျက်စိကျစရာဖြစ်လာပြီး ကြိုတင်ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ထိုင်း ကို အဓိကပစ်မှတ်ထား ရွေးချယ်လာကြတယ်။ခရီးသွားတွေဟာ ကျန်းမာရေးကို ပထမဦးစားပေးတဲ့ ပုံစံမျိုး သိသိသာသာ ပြောင်းလဲလာတာ တွေ့ရပါတယ်။ Spa ကုသမှုတွေအတွက် ရှာဖွေမှုဟာ ယခင်နှစ်ကထက် ၄၅ ရာခိုင်နှုန်းအထိ ရုတ်တရက် ခုန်တက်သွားခဲ့ပြီး ရုရှားစကားပြော စျေးကွက်ရဲ့ ဆေးဘက်ဆိုင်ရာ ခရီးသွားရှာဖွေမှုအားလုံးမှာ ၆၇ ရာခိုင်နှုန်းအထိ နေရာယူလာတယ်။ တန်ဖိုးမြင့် ကျန်းမာရေးဝန်ဆောင်မှုတွေသာမကဘဲ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ သွားဘက်ဆိုင်ရာ ကုသမှုတွေလိုမျိုး ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေကိုပါ အလုအယက် ရှာဖွေလာကြတယ်။ ဒါဟာ အပန်းဖြေခရီးသွားရင်း ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးမြင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုပါ တွဲလုပ်လာတဲ့ ခရီးသွားတွေရဲ့ အလေ့အထသစ်ပဲ ဖြစ်ပါတယ်။
Mar 16 • 1:28 AM
Thailand
Local News
Share
| 28 | 0 | 0 | 0 |


