ပဲခူးတိုင်း၊တောင်ငူကက်သလစ်သာသနာ၊ ကျွဲကျတိုက်နယ်၊ ငွေတောင်ကျေးရွာမှာ ဓမ္မဆရာနဲ့ မယ်တော်သမီးပျိုအသင်း ဝတ်စောင့်ပွဲအပါအဝင် ဘုရားကျောင်းခေါင်းလောင်းစဥ် ရေစက်ချကောင်းကြီးပေးခြင်းစတာတွေကို မတ်လ ၁၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲ့ဒီ ဝတ်စောင့်ပွဲမှာ တောင်ငူကက်သလစ်သာသနာ၊ ကျွဲကျတိုက်နယ် ကျောင်းထိုင်ဘုန်းတော်ကြီးနဲ့ အခြားသောဘုန်းတော်ကြီးတွေလည်းလာရောက် အားပေးပါဝင်ခဲ့ကြသလို တိုက်နယ်ဘာသာသူများလည်း လာရောက်ပါဝင်ခဲ့ကြလို့ သိရပါတယ်။ ဒါ့အပြင် တိုက်နယ်ဓမ္မဆရာ၊ မယ်တော်သမီးပျိုအသင်း ဝတ်စောင့်ပွဲနဲ့ ဘုရားကျောင်းခေါင်း လောင်းစဥ် ရေစက်ချကောင်းကြီးပေးခြင်း အထိမ်းအမှတ်အနေနဲ့ ဘော်လီဘောပြိုင်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။



