back

ကချင်ပြည်နယ်၊ပူတာအို၌ ရှားပါးအင်းကျား အမဲလိုက်သတ်ဖြတ်ပြီး လိုင်းပေါ်တင်သူကကို ဝေဖန်မှုမြင့်တက်နေ

Mar 16 • 1:28 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ပူတာအို၌ ရှားပါးအင်းကျား အမဲလိုက်သတ်ဖြတ်ပြီး လိုင်းပေါ်တင်သူကကို ဝေဖန်မှုမြင့်တက်နေ

မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် အင်းကျားကို အမဲလိုက်သ*တ်ဖြတ်ပြီး ဖေ့ဘွတ်စ်လူမှုကွန်ရက်ပေါ်တင်ခဲ့သူ ကချင်ပြည်နယ်၊ ပူတာအိုဒေသခံကို ဝေဖန်မှုမြင့်တက်နေပြီး ထို...

မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် အင်းကျားကို အမဲလိုက်သ*တ်ဖြတ်ပြီး ဖေ့ဘွတ်စ်လူမှုကွန်ရက်ပေါ်တင်ခဲ့သူ ကချင်ပြည်နယ်၊ ပူတာအိုဒေသခံကို ဝေဖန်မှုမြင့်တက်နေပြီး ထိုသို့ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသည့် တိရစ္ဆာန်များကို အကန့်အသတ်မဲ့ အမဲလိုက်သ*တ်ဖြတ်မှုများကို ရှုတ်ချကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်သူများက ပြောသည်။အမဲလိုက်သတ်ဖြတ်ထားသည့် အင်းကျားပုံကို ပူတာအိုဒေသခံက ၎င်း၏ ဖေ့ဘွတ်စ် လူမှုကွန်ရက်အကောင့်တွင် မတ်လပထမပတ်လောက် ကတည်းက တင်ခဲ့ခြင်းဖြစ်သည်။အင်းကျားမှာ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် မေလအတွင်းကထုတ်ပြန်ထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်း တိရစ္ဆာန်မျိုးစိတ်ဖြစ်သည်။လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များတွင် ကျားမျိုးစိတ်အနွယ်ဝင်များအပါအဝင် ဆင်၊ တောင်ဆိတ်၊ ဂျီ၊ ကတိုး၊ လင်းပိုင်၊ မျောက် လွှဲကျော်၊ ပြောင်၊ စိုင်၊ ဖျံ၊ ဝက်ဝံ၊ သင်းခွေချပ်၊ ဒေါင်း၊ မန်ဒါလီ၊ စနိုက်၊ အောက်ချင်း၊ စွန်၊ လင်းယုန်၊ သိန်းငှက်၊ ကြိုးကြာ၊ သာလိကာ၊ စပါးကြီးမြွေ၊ လိပ် တို့ပါဝင်သည်။

news-view-count-icon

16