ထိုင်းလူမျိုး နာမည်ခံပြီး တရုတ်လုပ်ငန်းရှင်တွေဟာ ထိုင်းနိုင်ငံရဲ့ အုန်းသီးလုပ်ငန်းကို လက်ဝါးကြီးအုပ်နေလို့ ရက်ချာဘူရီဒေသက လယ်သမားတွေ အရှုံးပေါ်ဆင်းရဲနေကြပါပြီ။ ဒီ တရုတ်တွေက အုန်းသီးဈေးကို သိသိသာသာ လျှော့ပြီး Export အဖြစ် ပြန်တင်သွင်းရင်း အမြတ်ရှာနေတာပါ။ဒါကြောင့် စုံစမ်းစစ်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနတွေက ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ထိုင်း အုန်းသီးစိုက်သူတွေအနေနဲ့ အခက်အခဲကြုံနေရတာတွေရှိလို့ စုံစမ်းစစ်ဆေးပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့က အုန်းသီး ထုတ််လုပ်ရေး နေရာ ၈ ခုကို ဝင်ရောက် စီးနင်းခဲ့ပြီး အဲ့ထဲက ၆ ခုက တရားမဝင် ထိုင်း အမည်ခံ နိုင်ငံခြားသားတွေလုပ်နေတာပါ။ ဒါကြောင့် ပါဝင်ပတ်သက်တဲ့ ထိုင်း ၁၀ ဦးနဲ့ နိုင်ငံခြားသား ၇ ဦးကို ဖမ်းဆီးထားပါတယ်။
Mar 16 • 1:25 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


