ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဟိုပုံးမြို့နယ်မှာ မိုးသီးတွေ ပြင်းပြင်းထန်ထန် ကြွေကျခဲ့တာကြောင့် ကြက်သွန်ခင်းနဲ့ စတော်ဘယ်ရီခြံတွေ အပါအဝင် စိုက်ခင်းဧက ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။အချိန်ခါမဟုတ် မိုးရွာခဲ့ပြီး မိုးသီးတွေကလည်း အရွယ်ကြီးကြီးနဲ့ ကြွေကျလာတာကြောင့် စိုက်ခင်းတွေ ထိခိုက်ပျက်စီးခဲ့သလို ဒေသခံချို့ရဲ့ အိမ်အမိုးတွေလည်း ပေါက်ပျက်သွားတယ်လို့ ဆိုပါတယ်။တောင်ကြီးက ၆ မိုင်၊ ဟိုပုံးက တနွိုင်ထုံ၊ နောင်ခွံ၊ နောင်ဗုတ် စတဲ့ရွာတွေမှာ အပျက်အစီးများခဲ့ပြီး စုံစမ်းသိရှိရသလောက် စိုက်ဧက ၂,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။မိုးသီးကြောင့် စိုက်ခင်းတွေပျက်စီးသွားပြီး အရင်းတောင် ပြန်မရနိုင်တော့တဲ့ အခြေအနေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
Mar 16 • 1:24 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


