back

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲတွင် Enjoy Brother FC အသင်း ချန်ပီယံဆု ဆွတ်ခူး

Mar 15 • 4:03 PM

breaking-news

Myanmar

Local

cover

MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲတွင် Enjoy Brother FC အသင်း ချန်ပီယံဆု ဆွတ်ခူး

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မ တီမှ ကြီးမှူးကျင်းပခဲ့သည့် MNL II Promotion Amateur Club Tournament 2026 ပြိုင်ပွဲ ချန်ပီယံလုပွဲ(ဗိုလ်လ...


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မ တီမှ ကြီးမှူးကျင်းပခဲ့သည့် MNL II Promotion Amateur Club Tournament 2026 ပြိုင်ပွဲ ချန်ပီယံလုပွဲ(ဗိုလ်လုပွဲ) အား ယနေ့ မတ်လ(၁၅)ရက် ၊ ညနေပိုင်းက ကျင်းပခဲ့ပြီး Enjoy Brother FC အသင်းက Happy Friendship FC အ သင်းကို (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲနိုင်ခဲ့သည့် Enjoy Brother FC အ သင်းသည် ချန်ပီယံဆုဖလားနှင့်အတူ ဆုကြေးငွေကျပ်သိန်း (၅၀)၊ ဒုတိယရရှိခဲ့သည့် Happy Friend ship FC အသင်းသည် ဆုကြေးငွေကျပ်သိန်း (၃၀) ရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း၊ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က တက်ရောက်ချီးမြှင့်ပေးခဲ့သည်။MNL 2 Promotion Amateur Club Tournament 2026 ပြိုင်ပွဲတွင် ပထမရရှိသည့် Enjoy Brother FC နှင့် ဒုတိယရရှိသည့် Happy Friendship FC အသင်းတို့ အနေဖြင့် လာမည့်ရာသီ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။




news-view-count-icon

27