မြိတ်မြို့ ဆီဆိုင်ကြီးများတွင် မတ်လ ၁၀ ရက်နေ့ကစပြီး စုံ၊မခွဲခြားသည့်စနစ်ဖြင့် စတင်ရောင်းချခဲ့ပြီး တန်းစီရချိန်ကြာမြင့်သည့်အတွက် ရပ်ကွက်အတွင်း ကုန်စုံဆိုင်များတွင် သွားရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်း မြိတ်မြို့ မြိတ်တောင်ရပ်နေ မြို့ခံတစ်ဦးကဆိုသည်။လက်ရှိတွင် မြိတ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများတွင် 95 အမျိုးအစားဓာတ်ဆီ တစ်လီတာလျှင် ၃၇၀၀ ကျပ် ဝန်းကျင်ရှိပြီး နေအိမ်ကုန်စုံဆိုင်များတွင် တစ်လီတာ ကျပ် ၆၀၀၀ ဝန်းကျင် ဈေးပေါက်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။နေ့စဉ်အလုပ်သွားလာနေရသည့် နိုင်ငံ့ဝန်ထမ်းများ ၊ ပုဂ္ဂလိကရုံးဝန်ထမ်းများနှင့် နေ့စဉ်ကျောင်းကြိုပို့နေရသည့် ကျောင်းသားမိဘများက အဓိကလာရောက်ဝယ်ယူကြကြောင်း အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင်က ပြောသည်။



