ယမန်နေ့ မတ်လ ၁၃ ရက်နေ့ က ပြည်မြို့ ကုတင်(၅၀၀) ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေတဲ့ မိသားစုထဲက ညီအကိုနှစ်ဦးဖြစ်တဲ့ (၅) နှစ် နဲ့ (၁၀) နှစ်အရွယ် ညီအကို(၂) ဦးဟာ ယနေ့မတ်လ ၁၄ ရက် နံနက် ၁ နာရီကျော်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။သေဆုံးသွားရတဲ့ ညီအကိုကလေး(၂) ဦးကိုတော့ ညတွင်းချင်းပဲပြန်လည် သယ်ဆောင်သွားပြီလို့ သိရပြီး တောမီးလောင်ကျွမ်းမှုဟာ ကံမ အစပ်မှာလို့ သိရပါတယ်။လက်ရှိကာလရာသီချိန်ဟာ တောမီးရှို့ချိန်၊ လောင်ကျွမ်းချိန်ဖြစ်လို့ မီးဘေးအန္တရာယ် အထူးသတိထားဖို့လိုပြီး လောင်စာဆီရှားပါးတဲ့အတွက် ဆီ စုဆောင်းသိုလှောင်ရာကတဆင့် မီးလောင်ကျွမ်းမှာကိုလည်း စိုးရိမ်ရတယ်လို့ မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတွေက သတိပေးထားပါတယ်။



