back

နေပြည်တော်၊ မန္တလေးနှင့်ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များ စတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို

Mar 15 • 1:35 PM

breaking-news

Myanmar

Local

cover

နေပြည်တော်၊ မန္တလေးနှင့်ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များ စတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို

တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ်၁၆ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌တော့မည်ဖြ...

တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ်၁၆ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌တော့မည်ဖြစ်ကြောင်း သိရသည်။အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မတ်၁၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။ထိုသို့ နေ့အပူချိန်များမြင့်တက်လာပြီးနောက် ရေဓါတ်လျော့နည်းခြင်း၊ အပူလွန်ကဲခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းတို့ကို သတိထားကြရမည်ဖြစ်သည်။


news-view-count-icon

41