back

အလုံသစ်တော၀င်းအတွင်း နေထိုင်သူတွေကို သဘက်ခါ​နောက်ဆုံးထား ရွှေ့ပြောင်းခိုင်းနေ

Mar 15 • 1:11 PM

breaking-news

Myanmar

Yangon

cover

အလုံသစ်တော၀င်းအတွင်း နေထိုင်သူတွေကို သဘက်ခါ​နောက်ဆုံးထား ရွှေ့ပြောင်းခိုင်းနေ

ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ သစ်တော၀င်းအတွင်း နေထိုင်သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာမယ့် မတ် ၁၇ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းခိုင်းနေတယ်လို့ အဲဒီမြို...

ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ သစ်တော၀င်းအတွင်း နေထိုင်သူတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာမယ့် မတ် ၁၇ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းခိုင်းနေတယ်လို့ အဲဒီမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။အဲဒီ သစ်တောဝင်းအတွင်း အိမ်ခြေ စုစုပေါင်း ၂၆၃ လုံး ရှိတယ်လို့ သိရပြီး သတ်မှတ်ရက်အတွင်း ပြောင်းရွှေ့ခြင်း မပြုပါက ဥပဒေအရ ‌အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားတယ်လို့ သိရပါတယ်။အဲဒီဝင်းအတွင်း နေထိုင်သူတွေအတွက် လက်ရှိမှာ သက်ဆိုင်ရာက လှိုင်သာယာမြို့နယ်ရှိ အနောက်ပိုင်း တက္ကသိုလ်အကျော်က လယ်ယာမြေ နေရာတွေကို နေရာအစား ပြန်လည် ချပေးထားတာရှိပြီး ဒါကို လက်ခံတဲ့သူတွေ ရှိပေမယ့် မြေအပိုင်ပေးတဲ့ စာရွက်စာတမ်း မစုံလင်တာကြောင့် လက်မခံသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။လက်ရှိမှာတော့ ဝင်းအတွင်းက အိမ်ခြေ အလုံး ၁၄၀ ဝန်းကျင် ကိုယ်ထူကိုယ်ထ ဖျက်သိမ်း ဖယ်ရှားပေးနေပြီ ဖြစ်တယ်လို့ သိရပြီး အစားပြန်လည် ချပေးထားတဲ့ မြေနေရာကို ပြောင်းရွှေ့လိုခြင်း မရှိသူတွေကတော့ အလုံမြို့နယ်တဝိုက်မှာပဲ အိမ်ငှားနေဖို့ စီစဉ်နေကြပေမယ့် အိမ်ငှားရမ်းခ ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အခက်တွေ့နေရတယ်လို့ သိရပါတယ်။သစ်တောဝင်းအတွင်း နေထိုင်သူတွေအနေနဲ့ နောက်ဆုံး သတ်မှတ်ရက်အတွင်း နေရာကနေ ထွက်ခွာမပေးပါက ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေပုဒ်မ - ၃ နဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမှတ် (၁) အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖွဲ့က အသိပေး ကြေညာထားပါတယ်။




news-view-count-icon

29