ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကမ္ဘောဇညဈေးတန်းတွင် လတ်တလောတွင် ဆိုင်ကယ် ပျောက်မှုများဆက်တိုက်ဖြစ်ပွားရာ တစ်နေရာတည်းတွင် ဆိုင်ကယ်ပျောက်ဆုံးမှု နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့သည်။လက်ရှိတွင် တောင်ကြီးမြို့အတွင်း ဆိုင်ကယ် ပျောက်မှုများ ဆက်လက်ဖြစ်နေဆဲဖြစ်ကာ လာရောက်စားသုံးသူများနှင့် ဆိုင်သမားများအတွက် စိုးရိမ်စရာဖြစ်နေသည်။ယခုနှစ် ဇန်နဝါရီလမှစ၍ ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပြီး၊ ပျောက်ဆုံးသွားသော ဆိုင်ကယ်များသည် လိုင်စင်ပါသော အမျိုးအစားများဖြစ်ကြောင်း သိရသည်။



