back

စစ်ကိုင်းမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Mar 15 • 1:11 PM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

မတ်လ ၁၂ ရက်နေ့ ၀၇: ၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက...

မတ်လ ၁၂ ရက်နေ့ ၀၇: ၄၅ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သက်သေများနှင့်အတူ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတားအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသောခရီးသည် မရွှေစင်ဦး သယ်ဆောင်လာသည့် လက်ဆွဲခြင်းများအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၂၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မရွှေစင်ဦး(၂၂)နှစ်အား စစ်ကိုင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရပါသည်။


news-view-count-icon

14