မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင် မောင်မောင်လွင် သည် အသင်းမှ အနားယူရန်ဆုံးဖြတ်လိုက်ကြောင်း ယနေ့ မတ်လ (၁၅)ရက်တွင် သူ၏ လူမှုကွန်ရက်စာ မျက်နှာကနေ အသိပေးထားသည်။ "အကာအကွယ်မရဘူးလို့ ခံစားရတဲ့အတွက် စိတ်မကောင်းစွာနဲ့ မြန်မာ့လက်ရွှေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်"ဟု ၎င်းက ဆိုသည်။မောင်မောင်လွင်က အဆိုပါ ဆုံးဖြတ် ချက်ကို သူ့အနေဖြင့် ညလုံးပေါက်စဉ်းစားပြီးမှ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသလို သူ့ဘဝလက်ရှိအသက်၏ သုံးပုံနှစ်ပုံလောက်ကို ဘောလုံးအ တွက် ပြေးလွှားကြိုးစားခဲ့ရကြောင်း ရေးသားမျှဝေထားသ ည်။ထို့ပြင် လူမျိုးရေးခွဲခြားစော်ကားမှု၊ မိဘများကိုပါ ကိုင်ဆဲစော်ကား ခံရသည့်အချိန်မှာ စိတ်ခံစားချက်ဖြင့် တုံ့ပြန်မိခဲ့ခြင်းကြောင့် ( ၆ )လ ပွဲကစားခွင့်ပိတ်ခံရကြောင်းလည်း ဆိုထားသည်။



