back

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ခရူးရှက်၏မြေးကိုပြည်ပဘက်တော်သားအဖြစ် ရုရှားသတ်မှတ်

Mar 15 • 8:08 AM

breaking-news

Myanmar

International

cover

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ခရူးရှက်၏မြေးကိုပြည်ပဘက်တော်သားအဖြစ် ရုရှားသတ်မှတ်

ဆိုဗီယက်ခေါင်းဆောင်ဟောင်း နီကီတာခရူးရှက်၏ မြေးမကြီးဖြစ်သူနီနာခရူးရှေဗာကို ပြည်ပဘက်တော်သားအဖြစ် ရုရှားအစိုးရက မတ် ၁၃ရက်တွင် သတ်မှတ် ကြေညာခဲ့ ကြောင်း သိရသည်။အသက် ...

ဆိုဗီယက်ခေါင်းဆောင်ဟောင်း နီကီတာခရူးရှက်၏ မြေးမကြီးဖြစ်သူနီနာခရူးရှေဗာကို ပြည်ပဘက်တော်သားအဖြစ် ရုရှားအစိုးရက မတ် ၁၃ရက်တွင် သတ်မှတ် ကြေညာခဲ့ ကြောင်း သိရသည်။အသက် (၆၂) နှစ်အရွယ် နီနာခရူးရှေဗာသည် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဖြစ်ပြီး နယူးယောက်မြို့ သည်နယူးစကူးလ်တက္ကသိုလ်၌ပါမောက္ခတစ်ဦးအဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။ရုရှားအစိုးရသည် ရုရှားဆန့်ကျင်ရေးလုပ်ရှားမှုများ၌ ပါဝင်ပတ်သက်နေသူများအဖြစ် ယူဆရသူမည်သူ့ကိုမဆို ပြည်ပဘက်တော်သားအဖြစ် သတ်မှတ်ကြေညာလေ့ရှိသည်။နီနာခရူးရှီဗာ၏ အဘိုးဖြစ်သူ နီကီတာခရူးရှက်သည် ၁၉၅၃ ခုနှစ်မှ၁၉၆၄ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စုကို ဦးဆောင်ခဲ့သူဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာပင် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့၏ ဖယ်ရှားမှုခံခဲ့ရသူဖြစ်သည်။ရုရှားအစိုးရက မတ် ၁၃ ရက်တွင် ထုတ်ပြန်ထားသော ပြည်ပဘက်တော် သားများ စာရင်းတွင် နီနာခရူးရှီဗာအပါအဝင် နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ၊ အနုပညာရှင်များ စုစုပေါင်းလူပေါင်း ၁၁၆၄ ဦးအထိပါဝင်ကြောင်းသိရသည်။

နီနာခရူးရှီဗာသည် ရုရှားနိုင်ငံ၏ ယူကရိန်းစစ်ပွဲမူဝါဒများနှင့်ပတ်သက်ပြီး သတင်းအမှား အမျိုးမျိုး ထုတ်လွှင့်နေကြောင်း ရုရှားအစိုးရ တရားရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။ရုရှားနိုင်ငံ၌ ပြည်ပဘက်တော်သားအဖြစ် သတ်မှတ်ခံထားရသူများအနေဖြင့် အာဏာပိုင် များ၏ ကန့်သတ်ချက်အမျိုးမျိုးဖြင့် ရင်ဆိုင်ရတတ်သလို ၎င်းတို့၏ ဝင်ငွေများလည်း ကန့်သတ်ခံရလေ့ရှိသည်။

news-view-count-icon

23