back

လမ်းဘေးစွန့်ပစ်သော မွေးကင်းစကလေးငယ်များ မန္တလေး၌ မကြာခဏတွေ့လာရ

Mar 15 • 7:59 AM

breaking-news

Myanmar

Mandalay

breaking-news
cover

လမ်းဘေးစွန့်ပစ်သော မွေးကင်းစကလေးငယ်များ မန္တလေး၌ မကြာခဏတွေ့လာရ

မန္တလေးမြို့တွင် လမ်းဘေးစွန့်ပစ်ထားသောမွေးကင်းစကလေးငယ်များကို မကြာခဏတွေ့လာရကြောင်း လူမှုရေးအသင်းများထံမှ သိရသည်။ပျမ်းမျှ တစ်လလျှင်တစ်ယောက်နှုန်းဖြင့် ယမန်နှစ်ကု...

မန္တလေးမြို့တွင် လမ်းဘေးစွန့်ပစ်ထားသောမွေးကင်းစကလေးငယ်များကို မကြာခဏတွေ့လာရကြောင်း လူမှုရေးအသင်းများထံမှ သိရသည်။ပျမ်းမျှ တစ်လလျှင်တစ်ယောက်နှုန်းဖြင့် ယမန်နှစ်ကုန်ပိုင်းမှယနေ့အထိ လေးဦးထက်မနည်းတွေ့ရှိခဲ့ရကြောင်း လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။တစ်လတစ်ယောက်နှုန်းလောက်တွေ့နေရတယ်၊ ဒီဇင်ဘာကနေ ဒီလအထိ လေးယောက်ရှိပြီ၊ အမှိုက်ကန်တွေထဲပစ်ထားခဲ့ကြတာ၊ တချို့ကလေးဆိုရင် အ၀တ်အစားမပါ၊ ချက်ကြိုးတောင်မဖြတ်ရသေးဘူး၊ ဆေးရုံရောက်မှ Nurse တွေက ဖြတ်ပေးရတာ” ဟု ၄င်းက ဆိုသည်။

စွန့်ပစ်ခံရသည့်ကလေးငယ်များတွင် တူညီသည့်အချက်အနေနှင့် အမှိုက်ကန်အတွင်းစွန့်ပစ်ခံရခြင်းဖြစ်ပြီး ၎င်းတို့ကို အမှိုက်ကန်အနီး၀န်းကျင်နေသူများကတွေ့ရှိရာမှနီးစပ်ရာလူမှုရေးအသင်းများထံအကူအညီတောင်းကာအပ်နှံကြခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ စွန့်ပစ်ခံကလေးငယ်များအား သက်ဆိုင်ရာလူမှုရေးအသင်းများက ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးပြီး မွေးစားမည့်သူပေါ်ပေါက်ပါက တရားဝင်စာချုပ်စာတမ်းဖြင့် ဆောင်ရွက်ပေးကြကြောင်းလည်း သိရသည်။


news-view-count-icon

34