မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ယက်စာ မျက်နှာ၌ ပဉ္စမအကြိမ်မြောက် "လန်ချန်း-မဲခေါင် ဗဟုသုတ ဥာဏ်စမ်းအမေးအဖြေ" အစီအစဉ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးကအသိပေးခဲ့သည်။ယင်း အစီအစဥ်ကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမဆုံးအကြိမ် နိုင်ငံ့ခေါင်းဆောင်အစည်းအ ဝေး (၂၀၁၆ ခုနှစ်၊ မတ် ၂၃ ရက်) ကကျင်းပခဲ့သည့် (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခါသမယအား ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပခြင်းဖြစ်သည်။ မနက်ဖြန် မတ် ၁၆ ရက်မှ ၂၀ ရက်အထိ တရုတ်သံရုံး၏ လူမှုကွန်ယက်စာမျက်နှာတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သည့် ရွေးချယ်စရာမေးခွန်း (၃) ခုကို နေ့စဉ်ကြေညာပေးသွားမည်ဖြစ်ကာ မေးခွန်း (၃) ခုလုံးကို မှန်ကန်စွာဖြေဆိုနိုင်သူ (၃) ဦးအား Six sided Chinese Lacquered Panel Art နှင့် ချစ်စရာကောင်းသော Panda Crossbody Backpack များကို လက်ဆောင်အဖြစ်ကျပန်းရွေးချယ်သွားမည်ဖြစ်သည်။ရွေးချယ်ခံရသူစာရင်းကို မတ် ၂၃ ရက်တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း တရုတ်သံရုံးကအသိပေးခဲ့သည်။
| 23 | 0 | 0 | 0 |


