ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နဝဒေးတံတား (ပြည်)၏ လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တံတားအသုံးပြုခကောက်ခံရေး လုပ်ငန်းလုပ်ပိုင်ခွင့်ကို လေလံတင်ရောင်းချမည်ဖြစ်ကြောင်း ပဲခူးမြို့၊ လမ်းတံတား ဦးစီးဌာနမှ ကြေညာထားပါတယ်။အဆိုပါ လုပ်ငန်းလုပ်ပိုင်ခွင့်ကို နိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လေလံတင်ရောင်းချမှာဖြစ်ပြီး ကြမ်းခင်းဈေးအနေဖြင့် ကျပ် သိန်း ၃,၀၀၀ သတ်မှတ်ထားကာ လေလံတင်ရောင်းချခြင်းကို လာမည့် မတ်လ ၂၄ ရက် နေ့လည် ၁ နာရီတွင် ပဲခူးမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသူများအတွက် တံတားဂိတ်၏ လေလံတင်သွင်းခွင့်လျှောက်လွှာကို လမ်းဦးစီးဌာန၊ ညွှန်ကြားရေး မှူး(မြို့ပြ)ရုံး၊ ပဲခူးမြို့တွင် ယခု မတ်လ ၁၂ ရက်နေ့မှစ၍ ထုတ်ပေးနေပြီး လေလံတင်သွင်းလွှာများကို မတ်လ ၁၉ရက်နေ့ ၊ ညနေ ၄ နာရီ နောက်ဆုံးထားကာ မှတ်ပုံတင်နိုင်ကြောင်း၊ စိတ်ပါဝင်စားကြေးနှင့် အာမခံကြေးများကိုလည်း မတ်လ ၂၀ ရက်နေ့ ၊ မွန်းလွဲ ၁နာရီ တွင် နောက်ဆုံးထား ပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ စိတ်ပါဝင်စားကြေး၊ အာမခံကြေးနှင့် လေလံတင်သွင်းရန် အသေးစိတ်စည်းကမ်းချက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ပဲခူးမြို့ သို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။



