back

ဓာတ်မြေဩဇာဈေးနှုန်းများတည်ငြိမ်အောင် ဆောင်ရွက်ဖို့နဲ့ လိုင်စင်လက်ကျန်များ အမြန်တင်သွင်းဖို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

Mar 15 • 6:28 AM

breaking-news

Myanmar

Local

breaking-news
cover

ဓာတ်မြေဩဇာဈေးနှုန်းများတည်ငြိမ်အောင် ဆောင်ရွက်ဖို့နဲ့ လိုင်စင်လက်ကျန်များ အမြန်တင်သွင်းဖို့ ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

လက်ရှိဖြစ်ပွါးနေတဲ့ အရှေ့အလယ်ပိုင်း ပြဿနာများအရ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်တာကြောင့် အတတ်နိုင်ဆုံး ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန...

လက်ရှိဖြစ်ပွါးနေတဲ့ အရှေ့အလယ်ပိုင်း ပြဿနာများအရ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာနိုင်တာကြောင့် အတတ်နိုင်ဆုံး ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်းဆောင်ရွက်ပေးကြရန်နဲ့ ခွင့်ပြုပေးထားတဲ့လိုင်စင်လက်ကျန်များ အမြန်တင်သွင်းကြရန် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောလိုက်ပါတယ်။လက်ရှိမှာ ဝန်ကြီးဌာနအနေနဲ့ မတ်လအတွက် ယူရီးယားတစ်အိတ်လျှင် ငွေကျပ် ၉၄,၀၀၀ နှုန်း၊ ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာတစ်အိတ်လျှင် ငွေကျပ် ၁၁၅,၀၀၀ နှုန်းဖြင့် ရည်ညွှန်းဈေးနှုန်းထုတ်ပြန်ကာ ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက “ကော်မတီဝင်ဌာနများက ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်နဲ့ အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/မရှိ၊ သွင်းအားစုများ သိုလှောင်ဈေးကစားခြင်းများ ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုပါတယ်” လို့ ပြောပါတယ်။မြေဩဇာအသင်းအနေနဲ့ ကုမ္ပဏီများက ရရှိပြီးလိုင်စင်များ ကိုင်ထားခြင်းမျိုး မပြုလုပ်ကြရန်နဲ့ အမှန်တင်သွင်းဖြန့်ဖြူးရန်၊ လိုအပ်မှသာလျှောက်ထားကြရန် ကြီးကြပ်ပေးရမှာဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီရဲ့ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာစေရေး၊ အရည်အသွေး မှန်ကန်စေရေးတို့အတွက် ဆိုင်ရာဌာနများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောလိုက်ပါတယ်။နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှာ မတ်လ ၁၃ ရက်က ပြုလုပ်တဲ့ ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောခဲ့တာပါ။မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းရဲ့ စိစစ်တင်ပြချက်အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်အထိ မြေဩဇာတန်ချိန် ၁,၁၁၈,၀၄၂.၆၀ တန် အမှန်တင်သွင်းခဲ့ပြီး ၉၈၃၅၆၉.၇၇ တန် ဖြန့်ဖြူးရောင်းချကာ ဂိုဒေါင်လက်ကျန်အနေနဲ့ တန်ချိန် ၂၈၅,၀၁၁.၉၀ တန်၊ လိုင်စင်ရပြီး ဆိပ်ကမ်းရောက်ရှိ တန်ချိန် ၂၂၅၇၂.၂၂ တန်ရှိတာကြောင့် စုစုပေါင်းတန်ချိန် သုံးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။လာမယ့် မိုးစပါးစိုက်ရာသီအတွက် ထပ်မံလိုအပ်မယ့် တန်ချိန်နဲ့ လအလိုက် မြေဩဇာလိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာနက ဆွေးနွေးတင်ပြကာ အချိန်မီရောက်ရှိရန်အသင်းအနေနဲ့ စီမံထားဖို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း သတ်မှတ်ချိန်လိုင်စင်ရရှိရေး ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

news-view-count-icon

26