ဧရာဝတီတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့် ညီနောင်အသင်းတစ်သင်းဖြစ်သည့် ရေကြည်မြို့နယ် အခြေစိုက် ကြိမ်၊ ဝါး၊ ဗေဒါ အသင်းကို Pilot Project ဖြင့် ရင်းနှီးမတည်ငွေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ဒေသထွက်ကုန်လည်းဖြစ်တယ်။ နိုင်ငံခြားအထိ ထိုးဖောက်နိုင်တဲ့ အနေအထားလည်းရှိတယ်။ လက်ရှိလည်း ဒီလုပ်ငန်းကို မှီခိုနေတဲ့မိသားစုကလဲ (၃,၀၀၀) လောက်ရှိတယ်ဆိုတော့ ခုလိုကူညီပံပိုးပေဖို့ ARCCI အသင်းအစည်းအဝေးမှာ ပထမဆုံးအနေနဲ့ ဆုံးဖြတ်ခဲ့တာ"ဟု အသင်းဥက္ကဋ္ဌ က ပြောသည်။



