back

မိုးတိမ်တောင်ရွေ့လျားမှုကြောင့် နေရာအချို့တွင် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးကြွေမှုဖြစ်နိုင်

Mar 15 • 6:26 AM

breaking-news

Myanmar

Local

breaking-news
cover

မိုးတိမ်တောင်ရွေ့လျားမှုကြောင့် နေရာအချို့တွင် လေပြင်း၊ မိုးကြိုးနှင့် မိုးသီးကြွေမှုဖြစ်နိုင်

မိုးတိမ်တောင်များ ဖြစ်ပေါ်ရွေ့လျားနေမှုကြောင့် ဒေသအချို့တွင် မိုးသက်လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာ သွန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့...

မိုးတိမ်တောင်များ ဖြစ်ပေါ်ရွေ့လျားနေမှုကြောင့် ဒေသအချို့တွင် မိုးသက်လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာ သွန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြော င်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။မိုးတိမ်တောင်ဖြစ်ပေါ်နေမှု အခြေအနေအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာလမ်းကြောင်းတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။




news-view-count-icon

25