back

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သော်လည်း ဘာကြောင့်ကိုယ်အလေးချိန်တက်နေရသလဲ

Mar 15 • 4:51 AM

breaking-news

Myanmar

Local

breaking-news
cover

လေ့ကျင့်ခန်းပုံမှန်ပြုလုပ်သော်လည်း ဘာကြောင့်ကိုယ်အလေးချိန်တက်နေရသလဲ

လူအချို့ လေ့ကျင့်ခန်းပြုလုပ်နေတာတောင် ကိုယ်အလေးချိန်တက်နေကြပါတယ်။ ခန္ဓာကိုယ် ဖိစီးမှုတုံ့ပြန်ခြင်းက အဆီတွေ ဘယ်လိုသိုလှောင်သလဲ၊ ဆာလောင်စိတ် ဘယ်လိုထိန်းချုပ်လဲ၊ ဇ...

လူအချို့ လေ့ကျင့်ခန်းပြုလုပ်နေတာတောင် ကိုယ်အလေးချိန်တက်နေကြပါတယ်။ ခန္ဓာကိုယ် ဖိစီးမှုတုံ့ပြန်ခြင်းက အဆီတွေ ဘယ်လိုသိုလှောင်သလဲ၊ ဆာလောင်စိတ် ဘယ်လိုထိန်းချုပ်လဲ၊ ဇီဝလုပ်ဆောင်ချက်တွေ ဘယ်လိုလဲဆိုရာမှာ အရေးပါနေပါတယ်။ အလုပ်ဖိအား၊ အိပ်ရေးပျက်ခြင်း၊ ငွေရေးကြေးရေး ပူပန်မှုတွေကြောင့် ရေရှည်ဖိစီးမှု ဖြစ်ရာကနေ ဟော်မုန်းမညီမမျှ ဖြစ်လာပါတယ်။

ဖိစီးမှုဖြစ်တဲ့အခါ ကော်တီဆောဟော်မုန်း ထွက်စေပြီး ပမာဏများတဲ့အခါ ပုံမှန်ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်စေပါတယ်။ဝမ်းဗိုက်တဝိုက် အဆီတွေပိုစုလာစေတဲ့အပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေများစေတယ်လို့ ဒေလီ CK Birla ဆေးရုံမှ ဒေါက်တာ မာနီရှာအာရိုရာက ပြောပါတယ်။

news-view-count-icon

24