back

အီရန်ခေါင်းဆောင်အယာတိုလာလက်သစ်အား ဒေါ်လာ ၁၀ သန်း အမေရိကန် ဝရမ်းထုတ်ကာ မရိန်းစစ်သည်နှင့် ကမ်းတက်ရေယာဥ်များ ထပ်လွှတ်

Mar 15 • 5:09 AM

breaking-news

Myanmar

International

cover

အီရန်ခေါင်းဆောင်အယာတိုလာလက်သစ်အား ဒေါ်လာ ၁၀ သန်း အမေရိကန် ဝရမ်းထုတ်ကာ မရိန်းစစ်သည်နှင့် ကမ်းတက်ရေယာဥ်များ ထပ်လွှတ်

သုတ်သင်ခဲ့ပြီးသော အီရန်ခေါင်းဆောင် ခါမေနီနေရာတွင် ခေါင်းဆောင်သစ်အဖြစ် ခန့်ထားသည့် အယာတိုလာလက်သစ် မော့ဂျ်တာဘာခါမေနီကို ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ဒေါ်လာ ...

သုတ်သင်ခဲ့ပြီးသော အီရန်ခေါင်းဆောင် ခါမေနီနေရာတွင် ခေါင်းဆောင်သစ်အဖြစ် ခန့်ထားသည့် အယာတိုလာလက်သစ် မော့ဂျ်တာဘာခါမေနီကို ဖမ်းဆီးနိုင်ရန် သတင်းပေးနိုင်သူအား ဒေါ်လာ ၁၀ သန်း ဆုငွေပေးမည်ဟု အမေရိကန်က ထုတ်ပြန်လာသည်။အီရန်ရေနံစီးပွားရေး၏ အသက်ဖြစ်သော ၅ မိုင်သာ ရှည်သည့် ရေနံ ၉၀ ရာခိုင်နှုန်း သိုလှောင်ထားရှိရာ ကာ့ခ်ကျွန်းပေါ်မှ အီရန် စစ်အခြေစိုက်စခန်းကို မတ် ၁၃ ရက်က အမေရိကန်ဘက်မှ ပစ်မှတ်ထား တိုက်ခိုက်ပြီးနောက် ယင်းကျွန်းကို တက်သိမ်းရန်ဒေါ်နယ်ထရမ့်က စီစဉ်နေကြောင်း သတင်းများလည်း ထွက်ပေါ်လာသည်။

ထိုကျွန်းသည် အီရန်ကုန်းမြေနှင့် ပင်လယ်ကြား ၁၅ မိုင်အကွာတွင်ရှိသော ကျွန်းဖြစ်ကာ ထရမ့်သမ္မတမဖြစ်မီ အိမ်ခြံမြေသူဌေးကြီးဘ၀မှာပင် အီရန်အားဖြိုလိုလျှင် ခါ့ခ်ကျွန်းကို ဖျက်ဆီးလိုက်ခြင်းက အဖြေဟု ပြောခဲ့ဖူးသော ကျွန်းလည်းဖြစ်သည်။ဟစ်ဇ်ဘိုလာ၊ ဟူသီများအပါ အဝင် အစ္စလာမ္မစ်စစ်တပ်များကို အီရန်က ကျောထောက် နောက်ခံ ပေးနေခြင်းတွင် ရေနံတင်ပို့မှုမှ အီရန်ရသည့် ဘတ်ဂျက်သည် ၄၀ ရာခိုင်နှုန်းအထိ ရှိနေသဖြင့် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းသော ရေနံများ သိုလှောင်ထားရာ ခါ့ခ်ကျွန်းအား ကမ်းတက် သိမ်းပိုက်နိုင်ရန် အမေရိကန်အထူးမရိန်းတပ်ဖွဲ့ဝင် ၂၅၀၀ ပါသည့် ကွန်မန်ဒိုတပ်များ၊ စစ်သင်္ဘောများကို အရှေ့အလယ်ပိုင်းဒေသသို့ ထရမ့်က ထပ်မံ ပို့ဆောင်ပေးနေကြောင်းနှင့် ထိုအခင်းအကျင်းအရ ခါ့ခ်ကျွန်းကို သိမ်းပိုက်ကာ ရေနံများကို အပိုင်သိမ်းဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ထရမ့် ထပ်မံစေလွှတ်သည့် အထူးတပ်များထဲ မရိန်းစစ်သား ၂,၅၀၀ အပြင် ဂျပန်၌ အခြေစိုက်သော တိုက်သင်္ဘော USS Tripoli နှင့် ထိုသင်္ဘောပေါ်တွင် ပါဝင်မည့် သင်္ဘောသားနှင့် စစ်သည် ၅ ထောင် ပါဝင်မည်ဟု သိရသည်။ ထိုအထူးတပ်များတွင် ရေကြောင်းစီးနင်းတပ်ဖွဲ့များ၊ အမှတ် (၇၅) ရိန်းဂျားတပ်ဖွဲ့ ဝင်များနှင့် SOCOM - ပူးတွဲဖမ်းဆီးမှု သို့မဟုတ် ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကာ မော့ဂျ်တာဘာအား ဖမ်းဆီးရန်လည်းပါဝင်မည်ဟု ယူဆရသည်။



news-view-count-icon

22