back

ပြည်တွင်း၌Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် စက်သုံးဆီဝယ်ယူရန် QR ကုတ် ထုတ်ပေးခြင်းစနစ်ကို ယနေ့ မတ်လ ၁၅ ရက်နေ့ တွင် စတင်ဆောင်ရွက်ပေးမယ်

Mar 15 • 4:12 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်း၌Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် စက်သုံးဆီဝယ်ယူရန် QR ကုတ် ထုတ်ပေးခြင်းစနစ်ကို ယနေ့ မတ်လ ၁၅ ရက်နေ့ တွင် စတင်ဆောင်ရွက်ပေးမယ်

ပြည်တွင်း၌စက်သုံးဆီ ဝယ်ယူခြင်းနှင့် ပတ်သက်လို့ Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် ယာဉ်၏ အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွ...

ပြည်တွင်း၌စက်သုံးဆီ ဝယ်ယူခြင်းနှင့် ပတ်သက်လို့ Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် ယာဉ်၏ အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR ကုတ်များ ထုတ်ပေးခြင်း စနစ်ကို ယနေ့ မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ပေးသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှ မနေ့က မတ်လ ၁၄ ရက် ညပိုင်းက ထုတ်ပြန်ထားပါတယ်။ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း Wheel Tax Barcode ဖတ်မရသည့်ကိစ္စနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံးသွားရောက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး မတ်လ ၁၂ ရက်နေ့က စတင်ပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ အတွက် Wheel Tax တွင် ပါရှိသည့် Barcode နှင့် ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြု၍ QR ထုတ်ပေးပြီး Application ဖြင့် စစ်ဆေးသည့်နည်းလမ်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ယင်းသို့ စိစစ်ဆောင်ရွက်မှုအရ မော်တော်ယာဉ် (၆၂,၀၁၇) စီး နှင့် မော်တော်ဆိုင်ကယ် (၅၆,၀၈၀)စီး ကို အဆင်ပြေချောမွေ့စွာ ရောင်းချပေးနိုင်ခဲ့သော်လည်း ယင်းသို့ စမ်းသပ်အသုံးပြုရာ၌ အချို့ယာဉ်များ ၏ Wheel Tax တွင် ပါရှိသည့် Barcode များသည် ဆေးရောင်မှိန်သည့်အတွက် scan ဖတ်ရန် အခက်အခဲရှိခြင်း၊ Wheel Tax ၏ Barcode တွင် ပါရှိသည့် ယာဉ်၏အချက်အလက်နှင့် စနစ်၏ အချက်လက်များအကြား ကွဲလွဲမှု အချို့တွေ့ရှိရခြင်း နှင့် အချို့ယာဉ်များမှာ တစ်ရက်အတွင်း ထမ်မံပြန်လည်ဝယ်ယူရန် ကြိုးစားခြင်းများကို စိစစ်တွေ့ရှိခဲ့ရလို့ ယာဉ်များ၏ အချက်လက်များ ပိုမိုပြည့်စုံမှန်ကန်ရေး သက်ဆိုင်ရာဌာနနှင့် ညိနှိုင်းပေါင်းစပ်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များအတွက် စက်သုံးဆီဖြည့်လိုပါက scan ထပ်မံဖတ်ရန် မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများ ရှိ စက်သုံးဆီအရောင်းဆိုင်များ နှင့် အခြားခရီးဝေး မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ထပ်မံဝယ်ယူနိုင်ကြောင်းလည်း သိရပါတယ်။

news-view-count-icon

43