back

ဖိလစ်ပိုင်မှာဘောလူံးပွဲတင်ဆက်သူတို့အလေးထားပြောကြားခြင်းခံရသူဖြစ်နေသလို ဟက်ထရစ်ဂိုးသွင်းယူပြီးပုံမှန်ခြေစွမ်းဆက်လက်ပြသနေတဲ့စန်းသော်သော်

Mar 15 • 4:03 AM

breaking-news

Myanmar

Local

breaking-news
cover

ဖိလစ်ပိုင်မှာဘောလူံးပွဲတင်ဆက်သူတို့အလေးထားပြောကြားခြင်းခံရသူဖြစ်နေသလို ဟက်ထရစ်ဂိုးသွင်းယူပြီးပုံမှန်ခြေစွမ်းဆက်လက်ပြသနေတဲ့စန်းသော်သော်

ဖိလစ်ပိုင်နိုင်ငံမှာ သွားရောက်ကစားနေကြတဲ့ စန်းသော်သော်နဲ့ နန်းဖြူဖွေ့တို့ပါဝင်ကစားတဲ့ ဖိလစ်ပိုင် အန်းလီဂါ (Ang Liga Filipina ) ပြိုင်ပွဲ ရဲ့ တတိယမြောက်ပွဲမှာ သူ...

ဖိလစ်ပိုင်နိုင်ငံမှာ သွားရောက်ကစားနေကြတဲ့ စန်းသော်သော်နဲ့ နန်းဖြူဖွေ့တို့ပါဝင်ကစားတဲ့ ဖိလစ်ပိုင် အန်းလီဂါ (Ang Liga Filipina ) ပြိုင်ပွဲ ရဲ့ တတိယမြောက်ပွဲမှာ သူတို့ရဲ့ Stallion Laguna အသင်းဟာ FEU (Far Eastern University.) အသင်းနဲ့ ဒီနေ့ ( ၁၄.၃.၂၀၂၇ ) ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ Stallion Laguna F.C က (၆)ဂိုးဂိုးမရှိနဲ့ ဂိုးပြတ်နိုင်ခဲ့ကြပြန်ပါတယ်။ အဆိုပါပွဲမှာ ပွဲကစားချိန် (၁၃)မိနစ်မှာ စန်းသော်သော်ရဲ့သွင်းဂိူးနဲ့ Stallion က FEU ကို ဦးဆောင်ကစားခဲ့ကြပြီး ပွဲကစားချိန် (၁၃)မိနစ်မှာ ဒုတိယမြောက်ဂိုးကို( စန်းသော်သော်တို့နဲ့ မြန်မာအမျိုးသမီးလိဂ်မှာအတူကစားခဲ့သူ ဧရာဝတီအသင်းကစားဖေါ် ) ဂျပန်ကစားသမားကီရာရဲ့ဖန်တီးပေးပို့မှုကနေ စန်းသော်သော်ကပင် ခေါင်းတိုက်

ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စန်းသော်သော်ရဲ့ဟက်ထရစ်ဂိုးကတော့ FEU ဂိုးသမားနဲ့အနီးကပ် ကန်သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာ စန်းသော်သော်ရဲ့ ၃ ဂိုးသွင်းယူ ၊ ၁ဂိုး ဖန်တီးပေးမှုတို့နဲ့ ၄ -၀ ရလဒ် ဦးဆောင်ကစားခဲ့တဲ့Stallion Laguna အသင်းက ပြိုင်ဖက် Far Eastern University.အသင်းကို ဒုတိယပိုင်းပွဲကစားချိန်အပြီးမှာ ၆- ၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

Far Eastern University အသင်းဟာ ဖိလစ်ပိုင်နိုင်ငံ ရဲ့ တက္ကသိုလ်ကောလိပ်ကျောင်းများ ဘောလုံးပြိုင်ပွဲအဖြစ်အစဉ်အလာကြီးတဲ့ UAAP ( University Athletic Association of the Philippines ) ပြိုင်ပွဲရဲ့ လက်ရှိ Champions အသင်းဖြစ်ပါတယ်။ဒီအပတ်မှာ UAAP အသင်းကို Stallion Laguna အသင်း တိုက်စစ်မှူးစန်းသော်သော်က ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ အပတ်စနေနေ့(၇.၃. ၂၀၂၆)ရက်နေ့ကလည်း ဖိလစ်ပိုင်အမျိုးသားတက္ကသိုလ်အသင်းကို Stallion Laguna အသင်းက (၂၁) ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ လည်း တဦးတည်းက ခုနှစ်ဂိုးသွင်းခဲ့သူဟာစန်းသော်သော်ဖြစ်ပါတယ်။ ဒါကြောင့် Ang_Liga ပြိုင်ပွဲမှာ ၂ပွဲဆက် ဟက်ထရစ်ဂိုး သွင်းရှင် အဖြစ် စန်းသော်သော်ကမှတ်တမ်းဝင်ထားပြီဖြစ်ပါတယ်။


news-view-count-icon

29