back

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် မိုးရွာသွန်းကာ လေပြင်းတိုက်မှုကြောင့် သစ်ပင်ကျိုးကျမှုဖြစ်ပွားကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ထိခိုက်ပျက်စီးခဲ့

Mar 15 • 4:18 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် မိုးရွာသွန်းကာ လေပြင်းတိုက်မှုကြောင့် သစ်ပင်ကျိုးကျမှုဖြစ်ပွားကာ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ထိခိုက်ပျက်စီးခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မတ်လ ၁၄ ရက် ညနေ ၄ နာရီခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ရွာလယ်ရပ်ကွက်ရှိ ကြီးမားသော ကုက္ကိုလ်ပ...

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် မတ်လ ၁၄ ရက် ညနေ ၄ နာရီခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ရွာလယ်ရပ်ကွက်ရှိ ကြီးမားသော ကုက္ကိုလ်ပင်တစ်ပင် အမြစ်မှလန်၍ လဲကျခဲ့ကြောင်း၊ အဆိုပါသစ်ပင်သည် ဓာတ်တိုင်အား ရိုက်မိကာ အနီးရှိ "ချစ်မိတ်ဆွေ" လက်ဖက်ရည်ဆိုင်ပေါ်သို့ ပိမိပျက်စီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက် ရှင်းလင်းပေးခဲ့သဖြင့် ညနေ ၄ နာရီခွဲတွင် လမ်းများ ပြန်လည်ပွင့်သွားခဲ့ပြီး၊ သစ်ပင်လဲကျမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

16